ပျော်ဘွယ် ဇူလိုင် ၁၉

 

ပျော်ဘွယ်မြို့နယ်၊ ယင်းတော်မြို့မကျေးရွာအုပ်စုတွင် တည်ဆောက်ထားသော (၁၆)ကုတင်ဆံ့ ယင်းတော် တိုက်နယ်ဆေးရုံတွင် ဇူလိုင်(၁၈)ရက်၊ ညနေ(၅)နာရီခန့်က ရောဂါပိုးရှိသူနှင့်ထိစပ်သူများ၊ အနံ့မရသူများ စုစုပေါင်း(၂၀)ကို RDT ဖြင့်စစ်ဆေးခဲ့ရာ(၁၉)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

 

အဆိုပါတိုက်နယ်ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသည့် တိုက်နယ်ဆေးရုံအုပ်ကြီးနှင့် ဆေးရုံဝန်ထမ်းအချို့၊ ဝန်ထမ်းမိသားစုဝင်အချို့၊ ဆေးကုသမှုခံယူနေသည့်လူနာနှင့်လူနာစောင့်အချို့၊ စုစုပေါင်း(၁၉)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ယင်းတော်တိုက်နယ်ဆေးရုံအား(၁၄)ရက်တာ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ် ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)