ပျော်ဘွယ်   ၁၆    မတ်      

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်ရှိ ကျေးရွာနှစ်ရွာမှ ကျေးလက်နေပြည်သူများ လယ်ယာထွက်ကုန်သီးနှံများကို  အချိန်ကုန် ငွေကြေးကုန်ကျစရိတ် သက်သာစွာဖြင့် စျေးကွက်သို့  ရာသီမရွေး အချိန်မီ တင်ပို့ရောင်းချရန်အတွက် ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ 

 

6150

 

ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ရာတွင်  ဖွဲသင်းကျေးရွာ ကုန်ထုတ်လမ်း  အရှည်ပေ  ၇၄၅၀ ၊ အကျယ် ၁၂ပေ ၊ ထု ၂ပေ ၉  လက်မ မြေသားတင်ဂျင်းခင်းခြင်းနှင့် ယင်းလမ်းပေါ်တွင် RC Boxculvert ၄ စင်း တည်ဆောက်ခြင်း လုပ်ငန်းကိုလည်းကောင်း၊  အောင်းကုန်းကျေးရွာ ကုန်ထုတ်လမ်းမှာ အရှည် ၇၄၅၀ ပေ၊ အကျယ် ၁၂ ပေ ၊ထု ၂ပေ ၉လက်မ မြေသားတင်ဂျင်းခင်းခြင်းနှင့် ယင်းလမ်းပေါ်တွင် RC Box culvert ၂ စင်း တည်ဆောက်ခြင်း လုပ်ငန်းကို လည်းကောင်း၊ ယခုဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံ ငွေကျပ် ၁၈၀ ဒသမ ၈၅ သန်းဖြင့် တင်ဒါအောင်မြင်သော ဇွဲဝဿန် ကုမ္ပဏီက တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း  သိရသည်။

 

6157

 

ယခုအခါ  ကုန်ထုတ်လမ်းများ ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ အဆိုပါလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက လယ်ယာစိုက်ပျိုးဧက ၁၀၀၀ ကျော်အား အကျိုးပြုသွားမည်ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန    မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံ ကပြောသည်။   

 

ဖြိုးထက်အောင်(ပျော်ဘွယ်)