ပျော်ဘွယ် ၇ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ၊ ပျော်ဘွယ်မြို့နယ် ဖွဲသင်းကျေးရွာနှင့် အောင်းကုန်းကျေးရွာတို့၌ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကျေးလက်ကုန်ထုတ်လမ်း (၂) လမ်းနှင့် RC Box culvert (၆)စင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ကုန်ထုတ်လမ်းများ ရွေးချယ်ရာတွင် လမ်းအကျယ်မှာအနည်းဆုံး ၁၈ ပေ ရှိရမည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၊လွှတ်တော်ကိုယ်စားလှယ်များက တင်ပြသောကုန်ထုတ်လမ်းများကို မြို့နယ် ကျေးလက်မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကာ ကုန်ကျစရိတ်နှင့် အမှန်တကယ် အကျိုးရှိမှုတို့ကို တွက်ချက်ပြီး ဦးစားပေးသတ်မှတ်ကာ ဆောင်ရွက်မည်ဖြစ်ပြီး တင်ဒါစနစ်ဖြင့် အောင်မြင်သော ကုမ္ပဏီများကဆောင်ရွက်ပြီး ဌာနမှတာဝန်ရှိသူများက လုပ်ငန်းများကို ကြီးကြပ်စစ်ဆေးမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဖွဲသင်းကျေးရွာ ကုန်ထုတ်လမ်းမှာ အရှည်ပေ ၇၄၅၀ ၊ အကျယ် ၁၂ ပေ ၊ထု ၂ပေ ၉ လက်မ မြေသား တင်ဂျင်းခင်းခြင်း၊ ယင်း လမ်းပေါ်တွင် RC Box culvert ၄ စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ အောင်းကုန်းကျေးရွာကုန်ထုတ်လမ်းမှာအရှည်ပေ ၇၄၅၀ ပေ အကျယ် ၁၂ ပေ ၊ထု ၂ပေ ၉ လက်မ မြေသားတင်ဂျင်းခင်းခြင်းနှင့် RC Box culvert ၂ စင်း တို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာ ရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း၂၀ဝ.၆၂ ဖြင့်ဆောင်ရွက်မည် ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံ ထံမှ သိရသည်။
အဆိုပါ "ကျေးလက်ကုန်ထုတ်လမ်းများပြီးစီးပါကကျေးရွာ (၂) ရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ဧက (၁၀ဝ၀) ကျော်ရဲ့ ကုန်ထုတ်သီးနှံတွေကိုရာသီမရွေးသယ်ပို့နိုင်ပြီး အချိန်ကုန် ငွေကြေး သက်သာစွာနဲ့ ဈေးကွက်အတွင်း လျင်မြန်စွာရောင်းချနိုင်တော့မှာဖြစ်ပါတယ်" ဟု ၎င်းကဆက်လက် ပြောပြသည်။
ဖြိုးထက်အောင်(ပျော်ဘွယ်)