ပျော်ဘွယ်မြို့နယ်တွင် ကျေးရွာများရှိအသက်(၆၅)နှစ်နှင့်အထက်အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

mdn

ပျော်ဘွယ် ဩဂုတ် ၂

 

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharn)ထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ စုရပ်(၄)နေရာတွင် ဩဂုတ်(၂)ရက်၊ နံနက်(၉) နာရီမှစတင်ကာ တစ်ပြိုင်နက်တည်း စတင်ထိုးနှံလျက်ရှိကြောင်းသိရသည်။

 

ပျော်ဘွယ်မြို့နယ်အတွင်း စုရပ်နေရာများဖြစ်သည့် ရှမ်းပွဲရပ်ကွက် ရာပြည့်သာသနာ့ဗိမာန်၊ လျှော်ဖြူကုန်း ကျေးရွာ(အရှေ့)အထက၊ ရန်အောင်ကျေးရွာ(အထက)၊ ယင်းတော်ကျေးရွာ(အထက)တို့တွင် အသက်(၆၅)နှစ်နှင့် အထက်အဘိုးအဘွာများအား ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

 

စုရပ်နေရာများဖြစ်သည့် ရှမ်းပွဲရပ်ကွက် ရာပြည့်သာသနာ့ဗိမာန်တွင် ကျေးရွာအုပ်စု(၈)အုပ်စုမှပြည်သူများ၊ လျှော်ဖြူကုန်းကျေးရွာ(အရှေ့)အထက တွင် ကျေးရွာအုပ်စု(၅)အုပ်စုမှ ပြည်သူများ၊ ရန်အောင်ကျေးရွာ(အထက)တွင် ကျေးရွာအုပ်စု(၄)အုပ်စုမှပြည်သူများ၊ ယင်းတော်ကျေးရွာ(အထက)တွင် ကျေးရွာအုပ်စု(၄)အုပ်စုမှပြည်သူများကို ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


မင်းမင်းထွေး(ပျော်ဘွယ်)