ပျော်ဘွယ် ဧပြီ ၂၉
ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရန်အတွက် နှာနှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ လူစည်ကားသည့်နေရာများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ ပြည်သူများအနေဖြင့် အပြင်ထွက်ရာတွင် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေး၊ လက်ကို မကြာခဏသန့်ရှင်းရေး ပြုလုပ်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ရေး စသည်တို့ကို အသိပညာ ပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)