ပျော်ဘွယ် ဧပြီ ၅

 

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ  ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စာဖြေဌာန(၁၁)ခုတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ၁၀၉၇ ဦးနှင့် ကျောင်းသူ ၁၅၂၆ ဦး စုစုပေါင်း ၂၆၂၃ ဦးရှိပြီး ဖြေဆိုသူကျောင်းသား ၁၀၁၀ ဦးနှင့် ကျောင်းသူ ၁၄၆၇ ဦး စုစုပေါင်း ၂၄၇၇ ဦး ဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက် ကျောင်းသား ၈၇ ဦးနှင့် ကျောင်းသူ ၅၉ ဦးရှိကြောင်း‌ ပျော်ဘွယ်မြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး စာရင်းအရ သိရှိရသည်။

 

မင်းမင်းထွေး(ပျော်ဘွယ်)