ပျော်ဘွယ် ၂၀ ဇွန်
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ပညာရေးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်းရေးအသင်းတို့ ပူးပေါင်း၍ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ယနေ့နံနက်က မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
စာစီစာကုံးပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ(၇၁)ဦး ပန်းချီ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသောကျောင်းသား၊ ကျောင်းသူများကို ဇွန်လ(၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲများကျင်းပမှုတွင် မြို့နယ်ဒုတိယပညာရေးမှူး ဦးအောင်သိန်းထွန်း နှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင် နှင့် ဝန်ထမ်းများ၊ မြို့နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဥက္ကဌ၊ ဦးမောင်မောင်တင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)