ကွာလာလမ်ပူ ၅ မတ်

မလေးရှားလေကြောင်းလိုင်း အမ်အိတ်ချ် ၃၇၀ ပျောက်ဆုံးလေယာဉ်ကို ပြန်လည် ရှာဖွေတော့မည်ဖြစ်သည်။

မလေးရှားလေကြောင်းလိုင်း အမ် အိတ်ချ် ၃၇၀ ပျောက်ဆုံးခဲ့သည့် ငါးနှစ်မြောက် နှစ်ပတ်လည်ကျင်းပနေချိန်တွင် မလေးရှားနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက အမေရိကန်နည်းပညာကုမ္ပဏီ အိုးရှန်းအင်ဖန်နတီ သို့မဟုတ် တခြား မည်သည့် နည်းပညာကုမ္ပဏီမဆို ထူးဆန်းစွာ ပျောက်ဆုံးသွားသည့် လေယာဉ် ပြန်ရှာရန် လျှောက်ထားမှုကို လက်ခံသွားမည်ဖြစ်ကြောင်း ကြေညာ         လိုက်သည်။

အမ်အိတ်ချ် ၃၇၀ လေယာဉ်သည် ၂၀၁၄ ခုနှစ် မတ် ၈ ရက်က ပျောက်ဆုံး သွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်အမှုထမ်း ၂၃၉ ဦးတင်ဆောင်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပေကျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်း ကမ်းခြေတစ်ခုတွင် လေယာဉ်ပျက်၏ အပိုင်းအစအချို့ကို တွေ့ခဲ့ရသည့်အတွက် အိုးရှန်းအင်ဖန်နတီကုမ္ပဏီ၏ လေယာဉ် ရှာဖွေရာနေရာကို ချုံ့နိုင်ခဲ့သော်လည်း နောက်ထပ် လေယာဉ်ပျက်နှင့် ပတ်သက်ပြီး တစ်ခုမျှ ထပ်မတွေ့ ခဲ့တော့ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် အိုးရှန်း အင်ဖန်နတီက နောက်တစ်ကြိမ် လေယာဉ်ရှာပုံတော် ဖွင့်ခဲ့သော်လည်း မည်သည့်အစအနမှ ထပ်မံမတွေ့ရဘဲ မေလတွင် လေယာဉ်ရှာပုံတော်ကို အဆုံး သတ်ခဲ့ရကြောင်း သိရသည်။

သို့သော်လည်း နောက်ထပ်ပို ကောင်းသောနည်းလမ်းများ ရသောကြောင့် လေယာဉ်ပျက် ရှာပုံတော်ကို ထပ်မံရှာဖွေလိုကြောင်း မျှော်လင့်လျက်ရှိသည်ဟု ကွာလာလမ်ပူ၌ ကျင်းပခဲ့သည့် အောက်မေ့ဖွယ် အခမ်းအနားတွင် ယင်းကုမ္ပဏီအကြီးအကဲက ဗီဒီယိုခွေပို့ပြီး ပြောကြားခဲ့သည်။

အိုးရှင်းအင်ဖန်နတီကုမ္ပဏီသည် ပျောက်ဆုံးနေသည့် အာဂျင်တီးနား ရေငုပ်သင်္ဘောကြီးကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့သည့် နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သည့် နည်းပညာများရရှိ နေပြီဖြစ်ကြောင်း သတင်းလွှင့်ထားသည်။

အေအက်ဖ်ပီ