စုကလိ     ၂၆ အောက်တိုဘာ        

    
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နေ့လည် ၂ နာရီအချိန်က စာရေးဆရာ မင်းဗထူးရေးသားသည့် ပြောင်းလဲခြင်းဖြင့် တိုးတက်စေ စာအုပ်ဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးအောင်စံထွန်းက ပြောင်းလဲခြင်းဖြင့်တိုးတက်စေ စာအုပ်မှ အခန်း(၂)ပါ ကြီးပွားတိုးတက်အောင် ဘယ်လိုလုပ်မလဲခေါင်းစဉ် ဖြင့်လည်းကောင်း၊ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဌ ဦးထင်အောင်ကျော်က အခန်း(၇)ပါ အတွေ့ အကြုံက ဘာလုပ်ပေးမှာလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့တက်ရောက် လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


စုကလိပြန်/ဆက်