ပြောင်းလဲနေတဲ့ အာရှပညာရေး

 

ထွန်းသစ်စ

 

အာရှအဆင့်မြင့်ပညာရေး အခင်းအကျင်းမှာ အဓိကပြောင်းလဲမှုအရွေ့တွေ ဖြစ်နေတဲ့အချိန်မှာ တက္ကသိုလ်တွေအနေနဲ့လည်း သူတို့ရဲ့ ပညာရေးစနစ်တွေကို ဖြစ်ပေါ်တိုးတက်လာတဲ့ အခွင့်အလမ်းသစ်တွေနဲ့ ဆီလျော်အောင် တီထွင်ကြံဆ လုပ်ကိုင်ခဲ့ပါတယ်။

ပြောင်းလဲလာတဲ့အာရှပညာရေး

လွန်ခဲ့တဲ့ဆယ်စုနှစ်အတော်များများက အာရှပညာရေးမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေနဲ့ အရွေ့တွေ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အဓိကပြောင်းလဲမှုတွေ ကတော့ အာရှမှာရှိတဲ့ အဆင့်မြင့်ပညာရေးကဏ္ဍကို ပုံစံအသစ်ပြန်ဖော်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို ပုံစံအသစ်ပြန်ဖော်တဲ့အခါမှာ ကျောင်းသား အလုံးနဲ့အရင်းနဲ့ အလယ်တန်းလွန်ပညာရေးကို တက်ရောက်ခဲ့ကြပါတယ်။ အဲဒီပညာရေးဟာ ဘာကို အဓိကအာရုံစိုက်လဲ၊ ရည်မှန်းချက်ထားလဲဆိုတော့ ဦးဆောင်တက္ကသိုလ်တွေရဲ့ ဘက်စုံဗဟုသုတ၊ အတွေ့အကြုံရစေတဲ့ ပညာရေးပုံစံကို အဓိက အာရုံစိုက်တာဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ သုတေသနပုံစံတွေ၊ တီထွင် ဆန်းသစ်မှုပုံစံတွေနဲ့ အသင်းအဖွဲ့တွေရဲ့ ပုံစံတွေကိုပါ ပြောင်းလဲကျင့်သုံးခဲ့ပါ သေးတယ်။

စီးပွားရေးဖွံ့ ဖြိုးတိုးတက်နေတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့လို နိုင်ငံတွေဟာ အဆင့်မြင့်အလယ်တန်းလွန်ပညာရေးစနစ်ရဲ့ စာရင်းသွင်းအပ်နှံမှုနှုန်းတွေကို ကျမသွားစေဘဲ နှစ်ပေါင်းအတော်ကြာအောင် ထိန်းသိမ်းခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဆယ်စုနှစ်လွန်သမိုင်းဟာ အခုအခါမှာတော့ မျှော်လင့်မထားနိုင်လောက်အောင် ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အဲဒီလို အလွန်လျင်မြန်စွာ မျှော်လင့်မထားနိုင်လောက်အောင် ဖွံ့ဖြိုးလာသလို အိန္ဒိယနိုင်ငံမှာလည်း ဖွံ့ဖြိုးလာခဲ့ ပါတယ်။

ဖွံ့ဖြိုးမှုနှုန်းကတော့ အသိအမှတ်ပြုရလောက်အောင်ပါပဲ။ တရုတ်နိုင်ငံမှာ လာမယ့် ၂၀၂၀ ပြည့်နှစ်လောက်မှာ အဆင့်မြင့် အလယ်တန်းလွန်ပညာရေးစနစ်ရဲ့ စာရင်းသွင်းအပ်နှံမှုနှုန်းဟာ ၃၇ သန်းကျော်ရှိလာမှာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာလည်း ၂၇ သန်းကျော်ရှိလာမှာဖြစ်ပါတယ်။ ဒါဟာ အပြုသဘောဆောင် တိုးတက်မှုပဲဖြစ် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘက်စုံဗဟုသုတ၊ အတွေ့အကြုံရစေသော ပညာရေး ပုံစံဟာ ကျောင်းသားတွေကို အသိဉာဏ်ဆိုင်ရာတွေကို ဖွံ့ဖြိုးတိုးတက်စေမှာ ဖြစ်သလို နောက်ထပ် အသက်မွေးမှုပညာတွေကိုလည်း ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။

စိန်ခေါ်မှုတွေရှိဆဲ

သို့သော်လည်း သိသာတဲ့ စိန်ခေါ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ပြောင်းလဲနေတဲ့ အာရှပညာရေးထွန်းသစ်စ “ပညာရေးနယ်ပယ်မှာ ကျင်လည်တဲ့သူတွေဟာ လွတ်လပ်စွာရှာဖွေမှုတွေကို မြတ်နိုးပြီး ကာလရှည်ကြာ လေ့လာမှုတွေအပေါ်မှာ စိတ်ကို နှစ်မြှုပ်ထားလေ့ရှိပါတယ် အာရှအဆင့်မြင့်ပညာရေး အခင်းအကျင်းမှာ အဓိကပြောင်းလဲမှုအရွေ့တွေ ဖြစ်နေတဲ့အချိန်မှာ တက္ကသိုလ်တွေအနေနဲ့လည်း သူတို့ရဲ့ ပညာရေးစနစ်တွေကို ဖြစ်ပေါ်တိုးတက် လာတဲ့ အခွင့်အလမ်းသစ်တွေနဲ့ ဆီလျော်အောင် တီထွင်ကြံဆလုပ်ကိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြား ဘွဲ့ရအလုပ်လက်မဲ့နှုန်းဟာ နိုဝင်ဘာ ၂၀၁၆ ခုနှစ်မှာ ၈ ဒသမ ၂ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့အဆင့်နဲ့တော့ များလှတယ်တော့မဟုတ်ပေမယ့် အရှေ့ အာရှမှာတော့ နည်းနည်းတော့ များတယ်လို့ ဆိုရမလိုပါပဲ။

နောက်တစ်ခုကတော့ အလုပ်ရှင်နဲ့ ဘွဲ့ရတွေကြား လိုအပ်ချက်ကွာဟမှုတွေပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ပြီးသွားတဲ့ ဘွဲ့ရတစ်ယောက်ရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေဟာ စက်ရုံတွေ၊ အလုပ်ရှင်တွေ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ အံချော်နေတုန်းပဲ ဖြစ်ပါတယ်။ ထို့အတူ သင်ကြားခြင်းနဲ့သင်ယူခြင်းရဲ့ အရည်အသွေးတွေကိုလည်း ဆန်းစစ်မေးခွန်းထုတ်ဖို့အချိန်ဟာလည်း ရောက်ရှိလာခဲ့ပါတယ်။ အဲဒီလို မေးခွန်းထုတ် တာတွေဟာ အခုဆိုရင် အိန္ဒိယနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့ပါတယ်။

အလုပ်လက်မဲ့နှုန်း မြင့်တက်နေဆဲ

တရုတ်နိုင်ငံမှာ အဆင့်မြင့်ပညာရေး လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာခြင်းဟာ လိုအပ်ချက်နဲ့ ရရှိမှုတွေကြား ကွာဟမှုတွေကို ဖြစ်လာစေပြီးတော့ ဘွဲ့ရတွေများတဲ့ မြို့ကြီး တွေမှာ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်မှုတွေ ရှိလာချိန်မှာပဲ သိပ်ကြီးကျယ်မခမ်းနားတဲ့ မြို့လေးတွေနဲ့ မြို့ငယ်လေးတွေမှာ လိုအပ်ချက်တွေနဲ့ ပြည့်စုံနေတဲ့ ဘွဲ့ရတွေဟာလည်း လုံလုံလောက်လောက် မရှိသေးတာကို တွေ့ရပါတယ်။

လတ်တလောမှာ တရုတ်အစိုးရဟာ ကောလိပ်အမြောက်အမြားကို သက်မွေးပညာသင်ကျောင်းတွေအဖြစ် ပြောင်းလဲမှုတွေ လုပ်ဆောင်နေပါပြီ။ ဒါဟာ ဘာကိုရည်ရွယ်ပြီး လုပ်ဆောင်သလဲဆိုရင် တကယ့်ဈေးကွက်မှာ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီအောင် ဦးတည်ချက်ထားလုပ်ဆောင်သလို အလုပ်လက်မဲ့နှုန်းတွေ မမြင့်တက်စေဖို့ လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ သို့သော်လည်း အဲဒီလို လုပ်လိုက်ခြင်းဖြင့် အလုပ်ရှိဘွဲ့ရတွေရဲ့ လစာဟာ လျော့နည်းသွားနိုင်ခြေရှိပါတယ်။

သင်ကြားရေးပုံစံပြောင်းလဲလာ

အဓိကပြောင်းလဲမှုနောက်တစ်ခုကတော့ ဦးဆောင်တက္ကသိုလ်တွေရဲ့ ဘက်စုံ ဗဟုသုတ၊ အတွေ့အကြုံရစေတဲ့ ပညာရေးပုံစံအပေါ် စိတ်ဝင်စားမှုတွေ မြင့်တက်လာတာနဲ့အတူ အရည်အသွေးမီတဲ့၊ အရည်အချင်းရှိတဲ့ သင်ကြားခြင်းတွေ ဖွံ့ဖြိုးတိုးတက် လာဖို့ပဲဖြစ်ပါတယ်။ ဒါဟာ ဟိုးအရင်တုန်းက တစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲလေ့လာသင်ယူတဲ့ ပညာရေးပုံစံကနေပြီးတော့ အကြောင်းအရာမျိုးစုံကို လေ့လာတဲ့ပြောင်းလဲ လာမှုတွေအဖြစ် ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။

သင်ခန်းစာတွေအပေါ် အလွတ်ကျက်ခြင်းကို အခြေခံတဲ့ ရိုးရာသင်ကြားခြင်း နည်းလမ်းတွေကနေ ပိုပြီးအပြန်အလှန် တုံ့ပြန်အကျိုးပြုမှုစနစ်တွေနဲ့ သင်ကြားတဲ့ ပုံစံတွေကို တိုးတက်ပြောင်းလဲလာပြီဖြစ်သလို တကယ့်ပညာရေးနယ်ပယ်မှာ ထွက်ပေါ်လာမယ့် ရလဒ်တွေကလည်း တကယ့်တီထွင်ဖန်တီးနိုင်မှုတွေ၊ နှိုင်းနှိုင်း ချိန်ချိန် ကျိုးကြောင်းမျှတစွာ တွေးခေါ်ဆင်ခြင်စဉ်းစားနိုင်စွမ်းတွေ ပေါ်ထွက်လာရေးပဲ ဖြစ်ပါတယ်။

ပြောင်းလဲလာတဲ့ ပညာရေးနဲ့အတူ က္ဘာကြီးနဲ့ အာရှအကြောင်း ကောင်းကောင်း နားလည်နိုင်စွမ်းရှိတဲ့ တကယ်အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေ မွေးထုတ်နိုင်ရေးဟာ တက္ကသိုလ်တွေအတွက် အဓိကရည်မှန်းချက်ဖြစ်သလို အရေးလည်းကြီးလှပါတယ်။

သုတေသနတွေမှာ ပိုမိုသုံးစွဲလာ

အာရှအဆင့်မြင့်ပညာရေးမှာ တတိယပြောင်းလဲမှုတစ်ခုကတော့ သုတေသနနဲ့ ဖွံ့ ဖြိုးတိုးတက်မှုမှာ သုံးစွဲတဲ့ အသုံးစရိတ်တွေ မြင့်မားလာခြင်းပဲဖြစ်ပါတယ်။ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ သုံးစွဲတဲ့ အသုံးစရိတ်တွေကို ကြည့်မယ်ဆိုရင် တောင်ကိုရီးယားရဲ့ ဂျီဒီပီဟာ အစ္စရေးထက်များနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ပညာရေးအသုံးစရိတ်ကတော့ အာရှကို ကျော်လွှားသွားနိုင်ပါတယ်။

သုတေသနတွေ အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးလာတာနဲ့အညီ သုတေသန ဘာသာပြန်ဆိုချက်တွေနဲ့ တီထွင်ဆန်းသစ်ခြင်းတွေဟာ အာရှရဲ့ တက္ကသိုလ်တွေကြား ရေပန်းစားလာပါတော့တယ်။ အရေးကြီးဆုံး တစ်ခုကတော့ တက္ကသိုလ်တွေနဲ့ စက်ရုံအလုပ်ရုံတွေကြား နက်နဲတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် ပေါင်းစပ်လုပ်ဆောင်သွားရမှာပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒီလိုလုပ်ငန်းစဉ် တွေမှာ သဟဇာတဖြစ်မှုတွေ သိပ်မတွေ့ရသေးပါဘူး။

ပညာရှင်တွေက ပညာရပ်တွေကို လူအများဖြန့်ဝေပေးဖို့ စာအုပ်စာပေ ထုတ်ဝေရေးတွေအပေါ် အာရုံòတ်နေပေမယ့် စက်ရုံအလုပ်ရုံတွေကတော့ ရလဒ်နဲ့ အကျိုးအမြတ်ကိုပဲ ကြည့်လေ့ရှိပါတယ်။ ပညာရေးနယ်ပယ်မှာ ကျင်လည်တဲ့သူတွေ ဟာ လွတ်လပ်စွာရှာဖွေမှုတွေကို မြတ်နိုးပြီး ကာလရှည်ကြာလေ့လာမှုတွေအပေါ်မှာ စိတ်ကို နှစ်မြှုပ်ထားလေ့ရှိပါတယ်။ သို့သော်လည်းပဲ စက်ရုံ၊ အလုပ်ရုံတွေကတော့ အချိန်ကာလသတ်မှတ်ချက်တစ်ခု၊ လုပ်ငန်းအစီအစဉ်နှင့် ပစ္စည်းအများဆုံး တင်ပို့ နိုင်ရေးကိုပဲ အဓိကထား အာရုံစိုက်ကြပါတယ်။

ပညာရေးဆိုင်ရာပြောင်းလဲမှုအပေါ်ချဉ်းကပ်လာ

ဒီနေရာမှာ ဘယ်လိုပဲဖြစ်ဖြစ် ပညာရေးဆိုင်ရာ အခင်းအကျင်းတွေ ပြောင်းလဲ ဖြစ်ပေါ်လာတာနဲ့တစ်ပြိုင်နက် စက်ရုံ၊ အလုပ်ရုံတွေကလည်း ပွင့်လင်းတဲ့ တီထွင်ဆန်းသစ်နည်းပညာတွေနဲ့ နည်းဗျူဟာတွေအပေါ် ချဉ်းကပ်ဖို့ လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။ အခုလို နည်းပညာခေတ်ကြီးမှာ နည်းပညာတွေဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေကို မြှင့်တင်ပေးပြီး တစ်ဦးတစ်ယောက်ချင်းစီကို တခြားအရာတွေ အများကြီးလုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခေတ်သစ် စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေကြေးပုံစံတွေဟာ အသစ်အသစ်သော ပြောင်းလဲလာမှု အကြောင်းတရားတွေအပေါ် တည်မှီနေပါတယ်။ မည်သို့ပင်ဆိုစေ လျင်မြန်စွာ ဖွံ့ဖြိုးလာတဲ့ အာရှဟာ တက္ကသိုလ်တွေအတွက် ပညာရေးတွေ တိုးတက်အောင်၊ သုတေသနတွေတိုးတက်အောင်၊ စွန့်ဦးတီထွင်အစီအစဉ်တွေ တိုးတက်အောင် စတဲ့ ကောင်းမွန်တဲ့အခြေအနေတွေကို ဖန်တီးပေးနေတဲ့ အနေအထားတွေကို တဖြည်းဖြည်း ပြောင်းလဲလာနေပြီဖြစ်ပါကြောင်း။ ။

ကိုးကား-ချန်နယ်နယူးအေးရှ