၁ ဩဂုတ်
သတင်းများကို လေ့လာကြည့်မည်ဆိုပါက အခြားနိုင်ငံများတွင် ကောင်းသွားပြီဆိုပြီး ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ဝင်လာသည်ကို တွေ့ရပါကြောင်း၊ မိမိတို့အနေဖြင့် ဒုတိယလှိုင်းကို ဖြစ်နိုင်ပါက လုံးဝကာကွယ် လိုပါကြောင်း၊ ဆိုးရွားစွာမဖြစ်စေလိုပါကြောင်း၊ ထို့ကြောင့် ကာကွယ်ရေးရှုထောင့်နှင့် ကုသရေးရှုထောင့် များအနေဖြင့် မည်သည်တို့ကို သတိပြုရန်လိုအပ်သည်၊ မည်သည့်အတွက်ကြောင့် သတိပြုရန်လိုအပ်သည် စသည်တို့ကို အများပြည်သူ ရှင်းရှင်းလင်းလင်း နားလည်နိုင်စေရန် ဆောင်ရွက်ပေးလိုပါကြောင်း၊ ပေါ့ဆ၍ မဖြစ်သေးပါကြောင်း။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၃၀-၆-၂၀၂၀ ရက်နေ့တွင် covID -19 ကူးစက်ဖြစ်ပွားမှုအခြေအနေများနှင့်စပ်လျဉ်း၍ ကာကွယ်ထိန်းချုပ်ကုသရေးတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေးသတင်းမှ ကောက်နုတ်ချက်)