ဆော  ၂၈  မတ်

 

ဆောမြို့နယ် တင့်တူကျေးရွာအုပ်စု ပေါက်ချောင်းကျေးရွာတွင် မတ် ၂၁ ရက် ညနေ ၄ နာရီခွဲခန့်က တောမီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် မီးဘေးသင့်ခဲ့ရသော  အိမ်ထောင်စု (၁၈)စုအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ ညနေ ၃ နာရီက ဆောမြို့နယ် ကြက်ခြေနီ အသင်းခွဲဉက္ကဋ္ဌ ဦးချစ်သန်းနှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

 

158

 

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မီးဘေးသင့်အိမ်ထောင်စု (၁၃)စုအတွက် မိသားစုသုံးပစ္စည်းစုံ Family Kit (၁၃)ပုံး၊ တစ်ကိုယ်ရေ ကျန်းမာရေးသုံးပစ္စည်း(၁၃)ပုံး၊ အမျိုးသမီးသုံးပစ္စည်း (၂၈)ထုပ်နှင့် မီးတားဖျက်သိမ်း အိမ်ထောင်စု (၅)စုအတွက် ကျန်းမာရေးသုံးပစ္စည်းများ (၅)ဖာနှင့် တာပေါ်လင် (၅)ချပ်တို့ကို ဆောမြို့နယ် ကြက်ခြေနီအသင်းခွဲဉက္ကဋ္ဌ ဦးချစ်သန်း၊ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးစံဝင်းနှင့် တာဝန်ရှိသူများက လာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)

 

1585