ပေါက်ခေါင်း မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မြို့မဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို မတ် ၅ ရက်က အဆိုပါမြို့မဈေးတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနနှင့် မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများက မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးအတွက် လျှပ်စစ် မီးကြိုးများ၊ လျှပ်စစ်မီးခလုပ်များ ကောင်းမွန်ခြင်း ရှိ မရှိ၊ ရေရရှိရေးဆောင်ရွက်ထားရှိမှုနှင့် မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းရှိ မရှိတို့ကို စစ်ဆေးခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


