ပေါက်ခေါင်း      ဧပြီ     ၁

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို စာစစ်ဌာန နှစ်ခု၌ ဧပြီ ၁ ရက် နံနက် ၉ နာရီက ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့သည်။ ပေါက်ခေါင်းမြို့နယ်တွင် အထက (ပေါက်ခေါင်း)နှင့် အထက (အိုးဘိုကုန်း) စာစစ်ဌာန နှစ်ခုတွင် ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား ကျောင်းသူ ၇၂၂ ဦးရှိပြီး ယနေ့ လာရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၆၁ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)