ပေါက်ခေါင်း ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းတွင်း အားကစားပြိင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်က စတင်ကျင်းပခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ မီတာ ၁၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၁၀၀ အာလူးကောက်ပြိုင်ပွဲ၊ မီတာ ၅၀ ဂုန်နီအိတ်စွပ် ပြိုင်ပွဲ တို့ကို ကျင်းပခဲ့ရာ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။
မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်