ပေါက်ခေါင်း ဧပြီ ၁၀

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် ဧပြီ ၉ ရက်တွင် ကံကျင်းကျေးရွာအုပ်စုအနီးအနားရှိ ဒေသခံပြည်သူများအား ကံကျင်းတိုက်နယ်ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို အခမဲ့ကွင်းဆင်း ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်း ဆရာ၊ဆရာမများက ကံကျင်းကျေးရွာအုပ်စုအနီးဝန်းကျင်ရှိ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သော အထွေထွေကုသလူနာ(၃၈)ဦးအား စမ်းသပ်ကြည့်ရှု စစ်ဆေးပေးပြီး အသေးစားခွဲစိတ်ပေးရန် လိုအပ်သော လူနာ(၆)ဦးကိုလည်း အဆိုပါ တိုက်နယ်ဆေးရုံ ဆေးကုသဆောင်၌ ခွဲစိတ်ဆေးကုသပေးဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများကိုလည်း အခမဲ့ပေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)