ပေါက်ခေါင်း      မတ်     ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြ သော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၉ နာရီက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်း၊ ECG စက်ဖြင့် နှလုံးခုန်နှုန်း စစ်ဆေးပေးခြင်း၊ ​ရောဂါရှာဖွေပေးခြင်း၊ အထွေထွေရောဂါများ စစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စနစ်တကျကုသပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ပြီး ရောဂါတွေ့ရှိမှုအပေါ် ဆေးဝါးများကို တစ်လစာ အခမဲ့ပေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)