ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက တာကောက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်သည်။
အဆိုပါ ဟောပြောပွဲတွင် ခွေးရူးပြန်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး လူနှင့်တိရစ္ဆာန်များ အသက်ဆုံးရှုံးစေသည့်ရောဂါဖြစ်သောကြောင့် ခွေးရူးရောဂါကာကွယ်ဆေးကြိုတင်ထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း၊ ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှုမဖြစ်စေရန်၊ ခွေးကိုက်ခံရပါက မြို့နယ်ဆေးရုံသို့အမြန်ဆုံးသွားရောက်၍ ဆေးကုသမှုခံယူရန်နှင့် ခွေးရူးမှတစ်ဆင့် ကျန်ရှိခွေးများသို့ ခွေးရူးရောဂါကူးစက်ခြင်း မရှိစေရန်၊ တိရစ္ဆာန်မှတစ်ဆင့် လူသို့ခွေးရူးရောဂါ ကူးစက်မှုမဖြစ်စေရန်နှင့် ခွေး၊ ကြောင်များအား ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် မိမိနှင့် မိသားစုကိုသာမက လူ့အဖွဲ့စည်းတစ်ခုလုံးကို ခွေးရူးရောဂါ အန္တရာယ်မှကာကွယ်နိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


