ပေါက်ခေါင်း အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာရှိ တောင်သူဦးခိုင်ထူး၏ ကွင်းအမှတ်(၆၉၉)တွင် မိုးစပါးစံကွက်  ၅ ဧက ရိတ်သိမ်းပွဲကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ တစ်ဧကအထွက်နှုန်း ၁၀၉  တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

သန်းထွန်းအောင်(ပြန်/ဆက်)