ပဲခူး ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီးနှံကို မိသားစုတစ်နိုင်တစ်ပိုင်အနေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ရုံးပတီသီးနှံကို ရာသီမရွေးစိုက်ပျိုးကာ စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် အသီးများစတင် ခူးဆွတ်ရကြောင်း၊ ရုံးပတီမျိုးအနေဖြင့် အပင်ငယ်မျိုးကို စိုက်ပျိုးကြပြီး တစ်ပင်နှင့် တစ်ပင် အကွာအဝေး နှစ်ပေ သုံးပေခြား၍ စိုက်ပျိုးရကြောင်း၊ ရုံးပတီသီးနှံတစ်ဧကလျှင် ရုံးပတီ မျိုးစေ့ ၁၀၀ ခန့် စိုက်ပျိုးနိုင်ပြီး မျိုးစေ့၊ သွင်းအားစု၊ အလုပ်သမားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ရှစ်သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ရုံးပတီသီး ပိဿာချိန် ၁၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပေါက်ခေါင်းမြို့နှင့် ပြည်မြို့ရှိ ကုန်စိမ်းသီးနှံဒိုင်များသို့ တင်ပို့ရောင်းချ၍ အကျိုးအမြတ်ရလျက်ရှိကြောင်း ရုံးပတီသီးနှံစိုက်တောင်သူများထံမှ သိရသည်။
စီးပွား/ ကူးသန်း