ပေါက်ခေါင်း မေ ၂၃

 

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် KG တန်းမှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများကို ဇွန် ၃ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံ စသည်တို့ကို အခမဲ့ ပေးအပ်ခဲ့သည်။ ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း (၉)ကျောင်း၊ အလယ်တန်းကျောင်း (၁၁)ကျောင်း၊ အလယ်တန်း(ခွဲ)ကျောင်း (၂၃)ကျောင်း၊ မူလွန်ကျောင်း (၅၅)ကျောင်း၊ မူလတန်းကျောင်း (၁၀၃)ကျောင်းနှင့် မူလတန်း(ခွဲ)ကျောင်း (၁၀)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၂၁၉ ကျောင်း ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)