ပေါက်ခေါင်း ဇူလိုင် ၁၁

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်အတည်ပြု လူနာများနှင့် ထိစပ်သူများ၊ အနံ့ပျောက်သူများအား ဇူလိုင် ၁၀ ရက်က..က(ခွဲ) အမှတ် (၁) နှင့် အမှတ် (၁၁) အင်ငါးခွသကြားစက်တို့တွင် ဓာတ်ခွဲစစ်ဆေးရာ စုစုပေါင်း ၇ ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည်။

 

ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင် ၂ ရက်မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရာ ဇူလိုင် ၁၀ ရက်အထိ ၉ ရက်အတွင်း ပိုးတွေ့လူနာ ၉၁ ဦးရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ၅၇ ဦး၊ ဓမ္မသော်တိုက်နယ်ဆေးရုံ၌ ၁၂ ဦး၊ တောင်လည်တိုက်နယ်ဆေးရုံ၌ ၁၅ ဦး၊ မြို့နယ်အားကစားခန်းမ ယာယီကုသရေးစင်တာတွင် ၇ ဦး စုစု‌ပေါင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသူ ၉၁ ဦးရှိကြောင်း ကျန်းမာရေးဌာနက သိရသည်။

 

မြို့နယ် (ပြန်/ဆက်)