ပေါက်ခေါင်း  ၁  စက်တင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့နံနက် ၄ နာရီခန့်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာရှိ နေအိမ်များ၊ ဌာနဆိုင်ရာရုံးများ ရေကြီးမှုဖြစ်ပေါ်ခြင်း၊ ပေါက်ခေါင်း-ပြည် ကားလမ်းပိုင်း ရေလွှမ်းခြင်းနှင့် တံတားတစ်စင်း ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

0012

 

ယမန်နေ့နံနက်ပိုင်းက မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ပေါက်ခေါင်း-အုတ်တွင်း ကားလမ်းရှိ ပေ ၁၉၀ အရှည် သံဘောင်ဘေလီ ညောင်ဝန်းတံတားသည် ရေစီးနှင့်အတူ မျောပါပျက်စီးပြီး တံတားအထက်ပိုင်းရှိ နေအိမ်(၆) လုံးမှာလည်း ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျက်စီးမှုဖြစ်ပွားရာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပရဟိတ အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN