ပေါက်ခေါင်း သြဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါက်ခေါင်း မြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ်ကိုဗစ် -၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီမှ စတင်၍ အမှတ် (၃)ရပ်ကွက်ရှိ လေးမျက်နှာဇာတ်ရုံ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူတစ်ဦးထိုးနှံပေး လျက်ရှိကြောင်းနှင့် အဆိုပါဆေးထိုးခြင်း လုပ်ငန်းများကိုမြို့နယ်စီမံခန့်ခွဲကော်မတီအဖွဲ့ဝင်များ၊မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဥမ္မာကျော်


