ကျောက်ဆည် ၂၁ မေ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြို့နယ် မီးသတ်ဦးစီးဌာနနှင့် Clean & Green ပရဟိအဖွဲ့တို့ ပူးပေါင်း၍ ပေါက်ကုန်းကျေးရွာတွင် ပိုးသတ်ဆေး ဖျန်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ Clean & Green ပရဟိတ အဖွဲ့ဝင်များက ပေါက်ကုန်းကျေးရွာရှိ အိမ်ထောင်စု ၁၀ဝ အား နေရာအနှံ့ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးခဲ့သည်။
ယခုလို ကျေးရွာများသို့ ကွင်းဆင်း၍ ပိုးသတ်ဆေးများဖျန်းပေးမှုကြောင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းအတွက် များစွာအထောက်အကူ ဖြစ်စေသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးထွန်း က ပြောသည်။
တင်တင်ထွေး(ပြန်/ဆက်)