ပေါက်   ဇူလိုင်  ၃၁

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ကပစ-၂၄ စက်ရုံမှ ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များ အထောက်အကူ ဖြစ်စေရေးအတွက် အောက်ဆီဂျင်များကို ဇူလိုင် ၁၈ ရက်နေ့မှစတင်၍ အခမဲ့ ထုတ်လုပ်ဖြန့်ချိပေးလျက်ရှ ိကြောင်း သိရသည်။

 

အဆိုပါအောက်ဆီဂျင်ထုတ်လုပ်မှုကို ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အောက်ဆီဂျင်လုံလောက်စွာ ထုတ်လုပ် ရရှိနိုင်ရေး၊ အောက်ဆီဂျင်ပြတ်လတ်မှုမရှိစေရေးနှင့် ပိုးတွေ့လူနာများအား အမြန်ဆုံးကုသပေးနိုင်ရေးတို့ အတွက် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ပြီး စက်ရုံလည်ပတ်မှုအတွက် ကပစ-၂၄ မှ တပ်မတော်သားများမှ ၂၄ နာရီမပြတ် ဆိုင်း ()ဆိုင်းခွဲ၍ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နေ့လျှင် ၄၀ လီတာဆန့် အောက်ဆီဂျင်အိုး ပေါင်း ၁၄၀ အထိ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။     

                                   

ပေါက်မြို့နယ် ကပစ-၂၄ စက်ရုံမှထုတ်လုပ်သော အောက်ဆီဂျင်များကို ပေါက်မြို့နယ်အပြင် နီးစပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိ အခမဲ့ဖြန့်ချိပေးလျက်ရှိရာ ဇူလိုင် ၁၈ရက်မှ ၂၇ ရက်နေ့အထိ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးပေါင်း ၂၈၅၅ လုံး ထုတ်လုပ်ဖြန့်ချိပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ အောက်ဆီဂျင် အမှန်တကယ်လိုအပ်လျက်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာဝန်၏ထောက်ခံချက်နှင့်အတူ ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် များဖြင့် ၂၄ နာရီ အခမဲ့လာရောက်ထုတ်ယူနိုင်ကြောင်း ကပစ-၂၄ စက်ရုံမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)