ပေါက်    နိုဝင်ဘာ    ၂၃

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် မုန်ကုန်းကျေးရွာနေ လူငယ်အမျိုးသား၊ အမျိုးသမီးများနှင့် ဂေါပကအဖွဲ့က ဦးဆောင်ကာ နှစ်စဉ်ကျင်းပလျက်ရှိသော (၉၅) ကြိမ်မြောက် ရွှေမြင်းတင် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ယနေ့ နိုဝင်ဘာ  ၂၃ ရက် (တန်ဆောင်မုန်းလပြည့်ကျော်  ၅ ရက်) နံနက် ၈ နာရီက စတင်ကာ မုန်ကုန်းကျေးရွာ အာယုဒီဃဥယျာဉ်ကုန်းတော်ပေါ် စာသင်ပျိုးဥယျာဉ် ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဘုရားပွဲတော် ကျင်ပရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ကျေးရွာနေပြည်သူများနှင့် ဘုရားပွဲလာ ဧည့်သည်တော်များ စုပေါင်းလှူဒါန်းထားသော ကန်တော့ပွဲများနဲ့အတူ ကျေးရွာအတွင်း စီတန်းလှည့်လည်ကြသည်။

 

mdn

 

ထို့နောက် အာယုဒီဃ ဥယျာဉ်ကုန်းတော်စာသင်ပျိုး ဥယျာဉ်ကျောင်းတိုက်အထိ လှည့်လည်ခဲ့ကြပြီး ရွာဦးကျောင်းဆရာတော် ဦးကေသဝနှင့် ပင့်သံဃာတော် အပါး (၆၀) တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက် ကပ်လှူဒါန်းခြင်း၊ ပျော်ပွဲရွှင်ပွဲအကများနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)