"ပေါက်မြို့နယ် သရက္ကန်ကျေးရွာအနီး ရေနံကျင်းတစ်ခု မီးလောင်မှုဖြစ်ပွား"

ပေါက် ၂၈ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သရက္ကန်ကျေးရွာအနီးရှိ ရေနံကျင်းတစ်ခု ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပေါက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးတိုးချိန် ထံမှ သိရသည်။

 

ဖြစ်စဉ်မှာ နံနက် ၃ နာရီခွဲခန့်က ပေါက်မြို့နယ် သရက္ကန်ကျေးရွာ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ တရားမဝင် လက်ယက်ရေနံတွင်းတိမ်လုပ်ငန်းဧရိယာအတွင်းရှိ ရေနံကျင်းတစ်ခု မီးလောင်နေကြောင်း သတင်းရရှိသဖြင့် ပေါက်မြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတိုးချိန် ဦးစီး၍ မီးငြှိမ်းသတ်ယာဉ်(၉)စီး၊ ရေသယ်ယာဉ်(၅)စီး၊ ပခုက္ကူခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၁)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၄၅)ဦးတို့ဖြင့် အခင်းဖြစ်ရာနေရာသို့ သွားရေက်၍ မီး ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

မီးလောင်မှု​ဖြစ်ပွားရခြင်းမှာ မြေပိုင် ဦးသန်းမြင့်၏မြေတွင် ငှားရမ်းလုပ်ကိုင်သူ ကျင်းပိုင် ဦးဇော်မင်း၏ ရေနံကျင်းတွင် ရေနံကျင်းအနီး မီးမွှေး၍မီးလှုံရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် ရေနံစိမ်းဂါလန် (၄၀ဝ)ခန့်နှင့် ဂျင်ဒေါင်းအင်ဂျင်စက်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးခြင်းမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ရေနံလုပ်သား စန်းလင်းအောင် (သ) ၁၉ နှစ်ကို ပေါက်မြို့နယ်၊ ရေပြာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)