ပေါက် အောက်တိုဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင် ဦးဆောင်သော ဝန်ထမ်းများက အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ပေါက်မြို့နယ် ထန်းတပင်ကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ ပြု လုပ်ဆောင်ရွက်ပေးခဲ့သည်။
ပေါက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသော ဒေသခံပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ ပြုလုပ်နိုင်စေရေးအတွက် ရုံးပိတ်ရက်မရှိ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သွားလာရေး အခက်အခဲဖြစ်သော ကျေးရွာများအား ကျေးရွာအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်၏ ပြောပြချက်အရ သိရသည်။
ဥမ္မာကျော်(ပြန်/ဆက်)