ပေါက်မြို့နယ်(၄၇)မိုင် ယောချောင်းသာသင်္ကြန်ပွဲတော်အနီး၌ ဈေးရောင်းချသူများ အဆင်ပြေလျက်ရှိ

ပေါက် ၁၆  ဧပြီ 

 

မကွေးတိုင်းဒေသကြီး ပေါက်မြို့နှင့် (၁)မိုင်ခန့််အကွာ ပခုက္ကူမြို့နှင့် (၄၇)မိုင်ခန့် အကွာတွင် တည်ရှိသော အမှတ်(၁) ပေါက်ယောချောင်းတံတား အောက်ဘက်ရှိ (၄၇)မိုင် ယောချောင်းသာသင်္ကြန်ပွဲတော်၌ ချောင်းဘေးဈေးဆိုင်များ ဈေးရောင်းအားကောင်း၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 


ယောချောင်းသာသင်္ကြန်ပွဲတော်မှာ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ရေကစားလာရောက် အပန်းဖြေသူများနှင့် အထူးစည်ကားလျက်ရှိရာ လာရောက်အပန်းဖြေသူများဝယ်ယူ စားသောက်နိုင်ရန် ဈေးဆိုင်များ ဆောက်လုပ်ရောင်းချလျက်ရှိသည်။ 

 


ယင်းဈေးဆိုင်များမှ မုန့်ပဲသရေစာမျိုးစုံ၊ အချိုရည်မျိုးစုံ၊ ဆေးလိပ်၊ ကွမ်းယာနှင့် ထမင်းဟင်းများကို ရောင်းချလျက်ရှိပြီး လာရောက်အပန်းဖြေ ရေကစားသူများမှာ စည်ကားများပြားလှသဖြင့် ဈေးရောင်းချသူများ လက်မလည်အောင် ရောင်းချနေရပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။


 
ဉာဏ်တိုး(ပေါက်)
 

ိိ