ပေါက်မြို့နယ်၌ ဆီဘောက်ဆာယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ်ခွဲသားခြမ်းများ သိမ်းဆည်းရမိ

ပေါက်  ၉ ဖေဖော်ဝါရီ  


မကွေးတိုင်းဒေသကြီး ပေါက်မြို့ အောင်တံခွန်ရပ်ကွက် ဗာဂျီးနီးယားဆေးပေါင်းရုံအနီး ကားလမ်းမပေါ်၌ ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီ မိနစ် ၄၀ က တရားမဝင် ကျွန်းသစ်ခွဲသားခြမ်းများ သယ်ဆောင်ကာ ရပ်တန့်ထားသည့် ဆီဘောက်ဆာယာဉ်တစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

123


ပေါက်မြို့မစခန်းမှ ဒုရဲအုပ်ပြည့်ဖြိုးအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ သက်ဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ မြို့ပေါ်ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ကျောက်ထု- ပေါက်- ပခုက္ကူကားလမ်းမိုင် တိုင်အမှတ်(၅၁/၁)နှင့် (၅၁/၂) ကြားတွင် ရပ်တန့်ထားသော YGN 2A/ ----- HINO (၆)ဘီး ဂါလံ (၁၆၀ဝ)စာတန်းပါ ဆီဘောက်ဆာအနီရောင်ယာဉ် တစ်စီးတွေ့ရှိခဲ့ရာ ယာဉ်ပေါ်တွင် လူတစ်ယောက်မှမရှိဘဲ မသင်္ကာဖွယ်ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့ရသည်။


ထို့နောက် ဆီဘောက်ဆာယာဉ်၏ ဆီတိုင်ကီအား ဖွင့်ဖောက်စစ်ဆေးရာမှ တရားမဝင်ကျွန်း သစ်ခွဲသားခြမ်း (၄၈)ချောင်း (၂ ဒသမ ၂၇၅၂) တန်အား ပိုင်ရှင်မဲ့သိမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဉာဏ်တိုး (ပေါက်)

 

123