ပေါက်မြို့နယ်၌(၁၂)ဘီးယာဉ် တစ်စီးပေါ်မှ ပိတောက်ခွဲသားဆိုက်စုံ(၁၆၅) ချောင်း ဖမ်းဆီးရမိ

ပေါက်  ၁၃  မတ်  

 

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်နှင့် ဆောမြို့နယ်ကြား တပြင်းနတ်ထိပ်နဲ့(၁)မိုင်ခန့်အကွာ (၁၂)ဘီးယာဉ်တစ်စီးပေါ်၌ တရားမဝင် သယ်ဆောင်လာသည့် ပိတောက်သစ်ခွဲသား ၁၆၅ ချောင်း ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မတ် ၁၂ ရက်မွန်း လွဲ ၁ နာရီ ၄၀ မိနစ်က ပေါက်မြို့နယ် သစ်တောဦးစီးမှူး ဦးမျိုးသိန်းထိုက်နှင့်သစ်တောဝန်ထမ်း(၆)ဦး၊ ပါက်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမောင်ကိုနှင့်တပ်ဖွဲ့ဝင်(၇)ဦး၊ ပလောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျောက်ထု-ပေါက်-ပခုက္ကူ သွားကားလမ်းမိုင်တိုင်အမှတ် (၆၁/၇)နှင့် (၆၂/ဝ)ကြားတွင် ရပ်တန့်ထားသောယာဉ်အ မှတ်-8J/----- NISSAN DIESEl UD ၁၂ဘီးအပြာ ရောင်ယာဉ်အားလူတစ်ဦး တစ်ယောက်မျှမတွေ့ရှိရပဲစစ်ဆေးခဲ့ရာ တရားမဝင် တင်ဆောင်ထားသည့် ပိတောက်ခွဲသားဆိုဒ်စုံ(၁၆၅) ချောင်း (၁၀ဒသမ၄၆၃၈တန်) အား ပိုင်ရှင်မဲ့ သိမ်းဆည်းရရှိခဲ့ ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ဉာဏ်တိုး (ပေါက်)

 

age IMG_2019