ပေါက် ၂၈ ဒီဇင်ဘာ 

 

မ​ကွေးတိုင်း​ဒေသကြီး၊ ပခုက္ကူခရိုင်၊​ ပေါက်မြို့နယ်အတွင်းရှိ​ ကျေးလက်​နေ​တောင်သူများသည် ဆောင်းရာသီ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာတွင် ကြက်သွန်နှင့်အာလူးကို အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိ​ကြောင်း သိရသည်။ 

 

အဆိုပါ ကြက်သွန်၊ အာလူးစိုက်ပျိုးရန်အတွက်​ မြေပြင်ခြင်းလုပ်ငန်းများကို ယခင်က ကျွဲယှဉ်း၊ နွားယှဉ်းများ ဖြင့်သာ ထွန်ယက်လုပ်ကိုင်လျက်ရှိရာ ယခုအခါ အချိန်တိုအတွင်း ရာသီမီစိုက်ပျိုးနိုင်​ရေး အတွက်​​ နေ့ရောညပါ​ ခေတ်မီလယ်ထွန်စက်ကြီးများကို ငှားရမ်းအသုံးပြုလုပ်ကိုင်​ဆောင်ရွက်ကြသဖြင့် ထွန်စက်အငှားလိုက်သူများ အဆင်​ပြေလျက်ရှိ​ကြောင်း​ ပေါက်မြို့နယ် မုန်ကုန်း​ကျေးရွာ​နေ ထွန်စက်ပိုင်ရှင် ဉီးညွန့်၀င်း၏​ ပြောပြချက်အရ သိရသည်။

 

ဆောင်းရာသီကြက်သွန်၊ အာလူးကို ​ပေါက်မြို့နယ်တွင် ရာသီမ​ရွေး အမြဲမပြတ်စီးဆင်း​​နေ​သော အဓိက​ချောင်းမကြီး(၂)​ချောင်းဖြစ်သည့်​ ယော​ချောင်းနှင့်​ ကျော​ချောင်း​ဘေးတစ်​လျှောက်ရှိ သဲ၊ နုန်း၊ ကျောက်စရစ်၊​ မြေနုများ​ပေါ်တွင် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုအခါ ရာသီမီ စိုက်ပျိုးနိုင်ရန်အတွက်​ ခေတ်မီလယ်ထွန်စက်ကြီးများကို တစ်နာရီလျှင်​ ငွေကျပ်နှစ်​သောင်းမှ နှစ်သောင်းငါး​ထောင်အထိ​ပေး၍ ငှားရမ်းလုပ်ကိုင်​ဆောင်ရွက်ကြရပြီး ထွန်စက်အငှားလိုက်သူများ အဆင်​ပြေလျက်ရှိ​​ကြောင်း သိရသည်။

 

ဉာဏ်တိုး(​ပေါက်)