ပေါက်မြို့တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား

ပေါက်  ၃၁   ဇန်နဝါရီ  

 

မကွေးတိုင်းဒေသကြီး ပေါက်မြို့ အောင်ချမ်းသာရပ်ကွက်နေ ဦးကြည်စိုး(၄၃)နှစ်၏ (၃×၂)ပင် သွပ်မိုးထရံကာ နေအိမ်တွင်ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်က မီးလောင်မှု  ဖြစ်ပွားခဲ့ကြာင်း သိရသည်။ 

 

မီးလောင်ရာသို့ ပေါက်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၂စီး၊ ရေသယ်ယာဉ် ၁ စီးနှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီတွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အခြားနေအိမ်များ ကူးစက်လောင်ကျွမ်းခဲ့ခြင်း၊ လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရ ရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီးပေါ့ဆစွာအသုံးပြုခဲ့သူ ဦးကြည်စိုးအား ပေါက်မြို့မရဲစ ခန်းကအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

  

ဉာဏ်တိုး(ပေါက်)