ဒီဇင်ဘာ ၁၂

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲသို့ တက်ရောက်မည် ဖြစ်သည်။

ပေကျင်းဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီထံမှ ဖိတ်ကြားစာရရှိခဲ့ကြောင်းနှင့် ၎င်းသည် အဆိုပါဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရက် က ပြောကြားလိုက်သည်။

ပြင်သစ်သမ္မတ အန်မန်နျူရယ်မက်ခရွန်က ပြင်သစ်နိုင်ငံသည် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်သို့ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။ အိုလံပစ်ပွဲအားကစားပွဲတော်သည် နိုင်ငံရေးမဆန်သင့်ကြောင်း မက်ခရွန် က ပြောသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်