ဇန်နဝါရီ ၁၄
ဗြိတိန်အိုလံပစ်အားကစားအဖွဲ့က ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲများမှ ဆုတံဆိပ်သုံးခုမှ ခုနစ်ခုအထိရရှိရန် မျှော်မှန်းထားကြောင်း ယမန်နေ့က ပြောကြားသည်။
လာမည့်နှစ်လပိုင်းအတွင်း ကျင်းပမည့် ပေကျင်းဆောင်းရာသီအိုလံပစ်နှင့်မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဗြိတိန်အားကစားသမား ၇၀ ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။
ဗြိတိန်အားကစားအဖွဲ့သည် အိုလံပစ်အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် သုံးခုမှ ခုနစ်ခုနှင့် မသန်စွမ်းအားကစားပြိုပွဲတွင် ဆုတံဆိပ် ငါးခုမှ ကိုးခု ရရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
၂၀၁၈ခုနှစ်က ဗြိတိန်အားကစားအဖွဲ့သည် တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပသော ပျောင်ချန်အိုလံပစ် ဆောင်းရာသီအားကစားပြိုင်ပွဲများမှ ရွှေတံဆိပ်တစ်ခုအပါအဝင် ဆုတံဆိပ်ငါးခုရရှိခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို