၂၆ ဧပြီ

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ယဉ်ကျေးမှုမရှိတဲ့ အပြုအမူတွေကို တားမြစ်လိုက်ကြောင်း ယဉ်ကျေးမှု မရှိ တဲ့အပြုမူဆိုရာမှာ နှာချေ၊ ချောင်းဆိုးရာတွင် ပါးစပ်နဲ့ နှာခေါင်းကို မပိတ်တဲ့ အပြုအမူ စတာတွေ ပါဝင်ကြောင်း သိရပါတယ်။ အဲဒီအပြုအမူတွေကို ဒီနေ့(တနင်္ဂနွေနေ့)ကစပြီး တားမြစ်လိုက်တာ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရသူပေါင်း ၈၂,၀၀၀ ဦးကျော်ရှိကြောင်း အဲဒီကပ်ရောဂါကို တိုက်ဖျက်ရန်အတွက် ယဉ်ကျေးတဲ့ အပြုအမူထွန်းကားရေး ဥပဒေပြဋ္ဌာန်းတာလို့ ဆိုပါတယ်။

 

လူမြင်ကွင်းကို သွားရောက်သူတိုင်း မျက်နှာဖုံးဝတ်ဆင်ရမှာဖြစ်ပြီး  ဥပဒေချိုးဖောက်သူတွေကို ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။

 

ယဉ်ကျေးတဲ့အပြုအမူ ထွန်းကားရေးဉပဒေမှာ တစ်ဦးနဲ့တစ်နဲ့ တစ်မီတာ အကွာရှိရေး၊ အစားအစာ မျှဝေစားမယ့် ဟင်းခွက်တိုင်းမှာ ဟင်းခတ်ဇွန်း နဲ့ ဟင်းခတ်တူများပေးရမှာ ဖြစ်ပါတယ်။ လူမြင်ကွင်းမှာ အင်္ကျီခွျတ်မနေရန်၊ အမျိုးသားတွေဟာ ပူလွန်းတဲ့အတွက် တီရှပ်ကို အပေါ်ခေါက်/လိပ် တင်တဲ့အတွက် ဗိုက်ဖော်ထားတာမျိုးမလုပ်ရန် ပါဝင်ကြောင်း သိရပါတယ်။

 

ပေကျင်းမြို့မှာ ယဉ်ကျေးမှု မရှိတဲ့အပြုအမူတွေအဖြစ် လူမြင်ကွင်းမှာ တံတွေးထွေးခြင်း၊ အမှိုက်ပစ်ခြင်း၊ အဆောက်အအုံအမြင့်ပေါ်မှ ပစ္စည်းတွေပစ်ချခြင်း၊ လူလယ်ကောင်မှာ ဆေးလိပ်သောက်ခြင်း၊ လူမြင်ကွင်းမှာ မစင်စွန့်ခြင်း၊ ခွေးကျောင်းထွက်ရာတွင် ခွေးမှာ ချည်ကြိုးမပါခြင်း စတာကိုတွေ မပြုလုပ်ရန် ဆော်ဩထားပြီး ဖြစ်ပါတယ်။

 

နောက်ဆုံးထွက်လာတဲ့ ဥပဒေကို သောကြာနေ့က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

 

လူမြင်ကွင်းမှာ အမှိုက်ပစ်ခြင်း၊ တံတွေးထွေးခြင်း မစင်စွန့်ခြင်းတွေကို ဒဏ်ငွေ ယွမ် ၂၀၀ အထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အရင်ကတော့ ယွမ် ၅၀ သာ သတ်မှတ်ခဲ့ပါတယ်။ 

 

လူမြင်ကွင်းမှာ အသံဆူညံခြင်း နဲ့ ခွေးတွေမှာ ချည်ကြိုးမပါရှိခြင်းတို့အတွက် ဒဏ်ငွေ ယွမ် ၅၀၀ အထိပေးဆောင်ရမှာဖြစ်ပါတယ်။

MDN

ကိုးကား - AFP