၂၉ ဇွန်

 

 

တရုတ်နိုင်ငံသည် ပေကျင်းမြို့အနီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အနည်းငယ် မြင့်တက်လာပြီးနောက် တင်းကျပ်သည့် အစီအမံများကို ပြန်လည်ချမှတ် လိုက်ပြီဖြစ်ရာ လူပေါင်း ၄၀ဝ၀ဝ၀ ဝန်းကျင်ကို အကျိုးသက်ရောက်စေခဲ့သည်။

 

 

ပေကျင်းမြို့တော်အနီး ဟီဘေးပြည်နယ်၊ အန်ဇင်စီရင်စုတွင် ကန့်သတ်ချက်များ အသက်ဝင်လာခဲ့ပြီဖြစ် သည်။

 

 

ပြီးခဲ့သည့် နှစ်ကုန်ပိုင်း အတွင်းက တရုတ်နိုင်ငံ၌ ကူးစက်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း တိုင်းပြည်တွင်း  ဗိုင်းရပ်စ်ကူးစက်သစ် နည်းပါးအောင် စီမံနိုင်ခဲ့သည်။

 

 

ဒုတိယလှိုင်းကို ရှောင်ရှားရန်အတွက် အလွန်သေးငယ်သည့် ကူးစက်မှုများကို အလေးအနက် ထားသင့်ကြောင့် တရုတ်နိုင်ငံ ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

 

 

အန်ဇင်စီရင်စုကို အပြည့်အဝ ထိန်းချုပ်မည်ဖြစ်ကြောင်း  တာဝန်ရှိသူများက တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

 

 

အဆိုပါ ကန့်သတ်ချက်များသည် ယခုနှစ်အစောပိုင်းက ဝူဟန်မြို့တွင် ရောဂါဖြစ်ပွားခဲ့ချိန်က ချမှတ်ခဲ့သည့် ကန့်သတ်ချက်များအတိုင်းဖြစ်သည်။

 

 

မရှိမဖြစ် လိုအပ်သည့် အလုပ်သမားများသာ ၎င်းတို့၏ နေအိမ်မှ ထွက်ခွာခွင့်ရှိပြီး အိမ်ထောင်စု တစ်ခုတွင် လိုအပ်သည်များကို ဝယ်ယူရန်အတွက် တစ်နေ့လျင် တစ်ကြိမ်သာ ဈေးဝယ်ခွင့် ရှိမည်ဖြစ်သည်။

 

 

လွန်ခဲ့သည့် နှစ်ပတ်အတွင်းက ပေကျင်းတွင် ကူးစက်မှုများ များပြားလာခဲ့ပြီး အန်ဇင်တွင် ကူးစက်မှု ၁၈ခု ဖြစ်ပွားခဲ့ကြောင်း တရုတ်မီဒီယာများက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဘီဘီစီ

ဘာသာပြန်-မေဇော်ထက်