ပေကျင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်မှုကြောင့် အရေးပေါ် အခြေအနေ ဖြစ်ပေါ်

၁၆ ဇွန်

 

ပေကျင်းမြို့ရှိ ရှင်းဖာဒီဈေးနှင့် ဆက်စပ်သည့်  ကိုဗစ်-၁၉ ရောဂါ အစုလိုက် အပြုံလိုက် ကူးစက်မှုသစ်များကြောင့် ပေကျင်းမြို့တော်မှာ အလွန်ဆိုးရွားသည့် အခြေအနေတွင် ရှိနေကြောင်း စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးဖြစ်သူ ကိုင်ကျီက ဇွန်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။  

 

ကပ်ရောဂါထိန်းကာကွယ်ရေးနှင့်ထိန်းချုပ်ရေးသည် မြို့၏ အဓိက ဉီးစားပေးနှင့် အရေးပေါ် ကိစ္စဖြစ်ကြောင်း  တရုတ်မြို့တော်နှင့် အမျိုးသား ကျန်းမာရေးကော်မရှင် အရာရှိများနှင့် ဆွေးနွေးပွဲပြုလုပ်စဉ် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဟင်းသီးဟင်းရွက်ဈေးများ၊ ထမင်းစားခန်းများနှင့် အစိုးရယန္တရားပိုင် နေရာများဖြစ်သည့် စားသောက်ဆိုင်များတွင်  ဗိုင်းရပ်စ် ကာကွယ် တားဆီးရေးနှင့် နေရာဒေသများတွင် ပိုးမွှားများ ကင်းရှင်းစေရန်အတွက် စစ်ဆေးရန် ပေကျင်းတွင် အမိန့်ထုတ်ပြန်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ရှင်းဖာဒီဈေးသို့ ရောက်ရှိလာခဲ့သူများနှင့် မြို့တော်အနှံ့အပြားရှိ ဈေးဝယ်ဆိုင်ခန်း ပိုင်ရှင်များ အားလုံးကို ဒီအန်အေ စစ်ဆေးခြင်းက အရေးပါကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

 

ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ မြင့်မားသူများအား မြို့တော်မှ ထွက်ခွာခြင်းကို တားမြစ်မည်ဖြစ်ပြီး ကူးစက်မှုများဖြစ်ပွားခဲ့ပါက မြို့ကြီးများသို့ အကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

အဆိုပါ ဒေသတွင် နေထိုင်သူများ၏ နေ့စဉ် လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် ဈေးနှုန်း တည်ငြိမ်စေရန် ဈေးကွက် အထောက်အပံ့များ အာမခံပေးမည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

စီးပွားရေး အမြတ်ထုတ်သည့် စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ပေကျင်းမြို့တော်တွင် ယနေ့ ဗိုင်းရပ်စ် ကူးစက်မှုသစ် ၂၇ မှု တိုးလာခဲ့ပြီး တစ်ပတ်အတွင်း ရောဂါကူးစက်သူ ၁၀ဝ အထိ ရောက်ရှိသွားပြီဖြစ်သည်။

 

ကိုးကား-စီဂျီတီအမ်

ဘာသာပြန်-မေဇော်ထက်