ပေကျင်းမြို့တွင် တနင်္ဂနွေနေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၆ဉီး တိုးလာခဲ့ပြီးနောက် စုစုပေါင်း အတည်ပြုလူနာ ၇၉ဉီးအထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံရှိ ကျန်းမာရေးအာဏာပိုင်များက ယနေ့ ကြေညာခဲ့သည်။

 

ယမန်နေ့က တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသစ် ၄၉ မှုတွင် ပြည်တွင်းကူးစက်မှု ၃၉ မှုနှင့် ပြည်တော်ပြန် ၁၀ ဦးတွင် ပိုးတွေ့ရှိခဲ့ကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ယနေ့ ပြောကြားခဲ့သည်။ 

 

ပြည်တွင်းကူးစက်မှု ၃၆ မှုမှာ ဘေဂျင်းမြို့တော်တွင်ဖြစ်ပွားခဲ့ပြီး သုံးမှုမှာ ပေကျင်းမြိုတော်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်  ဟူဘေးပြည်နယ်မှ ဖြစ်သည်။

 

ပေကျင်း၌ ရက်ပေါင်း ၅၅ရက်ကြာသည့်တိုင်အောင် ကိုဗစ်-၁၉ ကူးစက်မှုမတွေ့ရှိခဲ့ရသော်လည်း ဇွန်လ ၁၁ရက်နောက်ပိုင်းမှစပြီး  ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၉ဉီးအထိ တွေ့ရှိခဲ့ရသည်။ ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေသည့် ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် အခက်အခဲများဖြစ်ပွားစေပြီး ဒုတိယအကြိမ် ကူးစက်မှုများ ဖြစ်ပေါ်လာမည်ကို  ကြောက်ရွံ့လျက်ရှိသည်။

 

အနီးအနားရှိ စာသင်ကျောင်းသုံးကျောင်းနှင့် မူကြိုကျောင်း ခြောက်ကျောင်းကို ပိတ်ထားလိုက်သည်။

 

ပေကျင်းတွင် အစုလိုက်ပြန်လည်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး  ပထမဆုံးတွေ့ရှိရသည့် ရောဂါလက္ခဏာသည် ဇွန်လ ၉ ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီးဇွန် ၁၁ ရက်တွင်အတည်ပြုခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

 

ကိုးကား-စီဂျီတီအမ်

ဘာသာပြန်-မေဇော်ထက်