mdn

 

ပေါက်တော   ၁၂   ဇူလိုင်

 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် ယာဉ်အသုံးပြု သွားလာနေသူများ၊ လမ်းသွားလမ်းလာများစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရန်နှင့် ပုဂ္ဂလိက မော်တော် ယာဉ်များ စနစ်တကျပြေးဆွဲနိုင်စေရန်အတွက် တစ်လမ်းမောင်းစနစ်ကို ယနေ့နံနက်ပိုင်းက စတင်၍ ပြုလုပ်ဆောင်ရွက်သည်။

 

ပေါက်တောမြို့နယ် ယာဉ်‌စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိန်းရေး ကြီးကြပ်မှုကော်မတီမှ တစ် လမ်း မောင်းစနစ်အတွက်  သတ်မှတ်ထားသည် ဂိတ်များမှာ မင်းပြားနှင့်ပေါက်တောသို့ ပြေးဆွဲနေကြသည့် ခရီးသည်တင်ယာဉ် VOXY ကားများကို ရွှေတြိဂံလမ်းဆုံနေရာ၊ နယ်အသီးသီးမှ လာရောက်ကြသော (DYNA)ကားများနှင့် Light-Truck ကားများကို မြို့မဘုန်းကြီးကျောင်းကြားလမ်း (EPC)ရုံးဘေးနေရာ၊ သုံးဘီးဆိုင်ကယ် ဘေးတွဲဆိုင်ကယ်များကို ဘဝမ်းတံတားဘေးမှစ၍ စောပြည့်ညိုလမ်း ထိပ်ထိနေရာ၊ အိန္ဒိယဘီးများကို၊ဗိုလ်ချင်းပျံလမ်းသွယ်၊အဏ္ဏဝါလမ်းအစမှစ၍စောပြည့်ညိုလမ်းထိပ်ထိနေရာအသီးသီးဂိတ်များအဖြစ်သတ်မှတ်ထားပြီး၊ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းဈေးအဝင်လမ်းများဖြစ်ကြသော၊ ဗိုလ်ချင်းပျံလမ်း၊ရွှေပန်းထိမ်လမ်းသွယ်၊ အဏ္ဏဝါသီရိလမ်း၊ပြန်/ဆက်ရုံးကြားလမ်းနှင့်စောပြည့်ညိုလမ်းစသည့်လမ်း(၅)လမ်းတို့ကိုတစ်လမ်းမောင်းစနစ်အဖြစ်အကောင်အထည်ဖေါ်ပြီးမြို့နယ်ယာဉ်စည်းကမ်း‌၊လမ်းစည်းကမ်းထိန်းသိန်းရေးကြီးကြပ်မှုကော်မတီက မြို့သူ၊မြို့သားများအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်တိုက်တွန်းပြောဆိုခဲ့ကြကြောင်းသိရှိရသည်။

 

ကျော်သန်း (မြို့နယ်ပြန်/ဆက်)