ပေါက်တော ဒီဇင်ဘာ ၁၂
ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ်တွင် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အဖြစ် ကျေးရွာငါးရွာကိုရေးဆွဲပြီး လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအား စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းတို့ကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်းနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက ကျေးရွာတစ်ရွာချင်းအလိုက် သွားရောက်ပြီး ဆောင်ရွက်ကြသည်။
ပေါက်တောမြို့နယ် အတွင်း (၆) လဘက်ဂျတ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ရေးဆွဲ၍ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ဦးစားပေးအလိုက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရွေးချယ်ကြပြီး အဆိုပါကျေးရွာများတွင် တောင်ညိုကျေးရွာ၊ အဝကံကျေးရွာ၊ သာစည်ကျေးရွာ၊ တောင်းဖူးကျေးရွာနှင့် ချောင်းကြီးကျေးရွာများအား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)


