ပေါက်တော၊ ၁၀ မေ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ပေါက်တောမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးနေမှုကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်း နှင့် ဝန်ထမ်းများက သွားရောက် စစ်ဆေးကြသည်။
အဆိုပါ လုပ်ငန်းများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀၀၊ ရန်ပုံငွေ ကျပ်သိန်း ၁၇၀၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း ၃၅၀ စုစုပေါင်း ကျပ်သိန်း ၂၀၅၀ ဖြင့်ကျေးရွာဖွံ့ဖြိုရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ကျေးရွာဖွံ့ဖြိုရေးလုပ် ငန်းများမှာ ကွန်ကရစ်လမ်း ၁၇ လမ်း၊ အရှည်ပေ ၁၁၈၀၉ ပေ ရှိသည်။
အဆိုပါ လုပ်ငန်းများမှာရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ စီမံကိန်းကျေးရွာများမှာ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)


