ပေါက်တော ဩဂုတ် ၂၅
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၁ ဒသမ ၈၂၅သန်းဖြင့် ကျေးလက်ရေရရှိရေးအတွက် ရေကန်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
ပေါက်တောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့်ဝန်ထမ်းများက ယနေ့နံနက် ပိုင်းက ပြွန်တိုကျေးရွာ၌ ရေကန်တူးဖော်ခြင်းလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိသူများကို လုပ်ငန်းများအချိန်မီပြီးစီးရေး ပြောကြားပြီး ကျေးရွာလူထုများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။ ပြွန်တိုကျေးရွာတွင် ယခင်မြေသားကန် လေးကန်ရှိပြီး ယခုအသစ်တူးဖော်သည့်ရေကန်ပြီးစီးပါက ကျေးရွာအိမ်ခြေ ၁၅၅ အိမ်၊ လူဦးရေ ၈၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ကာ နွေရာသီရေရှားပါးမှု အခက်အခဲများကိုကျော်လွှား နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ မြေသားရေကန်တူးဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းမှာ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)