ပေါင် စက်တင်ဘာ ၁
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ အရန်မီးသတ်တပ်ဖွဲ့စခန်းတွင် ဇင်းကျိုက်ဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူ ပြည်သူများအား ယနေ့ နံနက် ၈ နာရီက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Tesk Kit ဖြင့် အခမဲ့ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက လာရောက်စစ်ဆေးသူ (၂၀၀)ဦးအား နှာခေါင်းတို့ပတ်နမူနာယူခြင်းများ ဆောင်ရွက်ခဲ့ပြီး စစ်ဆေးပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းက လာရောက်ကြည့်ရှု့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Tesk Kit ဖြင့် အခမဲ့စစ်ဆေးမှုအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)


