ပေါင် ဒီဇင်ဘာ ၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကျေးရွာ၌ ဒီဇင်ဘာ ၇ ရက် နံနက် ၇ နာရီ ၄၅ မိနစ်က အိမ်ငါးလုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ထန်းပင်ချောင်ကြီးကျေးရွာအုပ်စု၊ ကမ်းနားပိုင်း(ကွက်သစ်)နေ ဦးရွှေထွန်း၏နေအိမ်၌ ဖယောင်းတိုင်မီး(ဘုရားမီး) ပူဇော်ရာမှတစ်ဆင့် သစ်သားဘုရားကျောင်းဆောင်သို့ မီးကူးစက်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ သထုံခရိုင်၊ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်များနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း ၄၀ တို့က ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တန်ဖိုး သိန်း ၅၀ ခန့် ဆုံးရှုံးခဲ့ရပြီး လူနှင့်တိရစ္ဆာန် ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)