ပေါင်  ၁၈  ဇန်နဝါရီ 


မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ် ဆင်အိုင်တောင်အတွင်းမှ ကျိုက်ထီးရိုးပုံစံတူစေတီတော်တစ်ဆူကို ၂၀၁၈ ခု ဒီဇင်ဘာ ၃၀ရက်နေ့ကတွေ့ရှိခဲ့ပြီး လက်ရှိတွင် မွန်ဘာသာဖြင့် ကျိုက်တမော့ဗလဲ့စေတီတော်(ကျောက်လွတ်စေတီ)ဟု အမည်ပေးထားကြောင်း အရှင်စန္ဒိမာကဆိုသည်။

 

123


"စေတီတော်ကို ပြီးခဲ့တဲ့လွတ်လပ်ရေးနေ့ကစပြီး စေတီဝန်းကျင်မှာ ချုံနွယ်များရှင်းလင်းခဲ့တယ်။အခုချိန်ထိလည်း ပြုလုပ်နေဆဲပါ။ ရင်ပြင်တော်ဖြစ်ဖို့အတွက် အများကြီးရှင်းရပါဦးမယ်။ စေတီရဲ့ထီးတော်ဟောင်းကို လွန်ခဲ့တဲ့ ၂၀ဝ၃ ခုနှစ်က ပေါင်မြို့ခံအလှူရှင်တစ်ဦးကလှူဒါန်းခဲ့တယ်လို့သိရတယ်။ အဲ့ဒီအလှူရှင်ကိုလည်း တွေ့ရှိပြီးပါပြီ။ အခုတစ်ကြိမ်မှာတော့ အများတကာအလှူတွေလည်း ပါဝင်သွားရလေအောင် အားလုံးစုပေါင်းပြီး ထီးတော်အသစ်ကို မွန်အမျိုးသားနေ့ဖြစ်တဲ့ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့မှာ ထီးတော်အသစ်တင်လှူဖို့ စီစဉ်ထားပါတယ်။ ဒီမှာပဌာန်းရွတ်ပွဲတွေ လည်းလုပ်ဖို့ရှိပါတယ်။ လာတဲ့ပရိသတ်များကိုလည်း စတုဒိသာများ ကျွေးမွေးလှူဒါန်းနေပါတယ်။ ရပ်နီးရပ်ဝေးက အလှူရှင်များလည်း အလှူပါဝင်ထားပါတယ်။ ကားလမ်းမရှိသေးပေမယ့် နွားလပို့ဘုရားတက်တဲ့လမ်းကနေ ဆိုင်ကယ်နဲ့လာရင်လည်းရတယ်။ အခုလောလောဆယ်တော့ စေတီအနီးပတ်ဝန်းကျင်သန့်ရှင်းရေးကိုပဲ ဦးစားပေးလုပ်နေတယ်။ တောင်တက်လမ်းမှာလည်း လမ်းညွှန်စခန်းများဖြင့် ပြုလုပ်ပေးထားလို့ အခုဆိုရင်တက်ရတာအဆင်ပြေနေပါပြီ" ဟု ဦးစန္ဒိမာကပြောသည်။


ဇင်မျိုးသူ

 

789