ပေါင် ၁၁ ဇန်နဝါရီ
သထုံခရိုင် ပေါင်မြို့နယ် ဖြူဘကျေးရွာ အင်းဗြောင်အကွေ့ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဇန်နဝါရီ ၉ ရက် ညပိုင်းက သထုံဘက်မှ ပေါင်မြို့ဘက်သို့ အောင်ဆန်းလင်းမှ LIFAM ခေါင်းရှည် အပြာရောင်(လိုင်စင်စိစစ်စဲ) ၆ ဘီးကုန်တင်ယာဉ်အား မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ တိမ်းမှောက်သွားခဲ့သည်။
၎င်းဖြစ်စဥ်တွင် ယာဉ်မောင်းမှာ ဒဏ်ရာမရရှိဘဲ ယာဉ်ပေါ်လိုက်ပါသူများဖြစ်သည့် တင်မိုးအောင်၊ ကျော်သူ၊ ကိုထွေး၊ သန့်ဇင်ဖြိုး ပေါင်မြို့နယ်နေသူတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဆောင်ဆန်းလင်းအား ဥပဒေအရအရေးယူနိုင်ရန် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။
ကိုဟိန်း(ပေါင်)