ပေါင် မေ ၁၃

 

မွန်ပြည်နယ် ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ကျွဲခြံကျေးရွာနှင့် မိုးနိုင်းရပ်ကွက်တို့တွင် ဆောင်ရွက်သည်။

 

ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးဒေါက်တာဥမ္မာနှင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ရဲအောင်နှင့်ဝန်ထမ်းများက ကျွဲခြံကျေးရွာနှင့် မိုးနိုင်းရပ်ကွက်အတွင်းရှိ ကျွဲ၊ နွားကောင်ရေ ၂၀၀ တို့အား ကျွဲ၊ နွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများကို အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)