ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ပေါင်   ဩဂုတ် ၂၉

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ် ၂၉ ရက် နံနက် ၉ နာရီက ဆေးထိုးစုရပ် (၅)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ပေါင်မြို့နယ်၌ ဆေးထိုးစုရပ်များဖြစ်သော ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၊ မုတ္တမကျေးရွာ တိုက်နယ်ဆေးရုံ၊ အလှပ်ကျေးရွာ တံတားဦးဘုန်ကြီးကျောင်း၊ သဲအိမ်ကျေးရွာ တိုက်နယ်ဆေးရုံ နှင့် ရင်ငြိမ်းကျေးရွာ အထကကျောင်းတို့တွင် ဆရာတော်သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် အဘိုး/အဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများစုစုပေါင်း (၉၁၅၈)ဦးတို့ကို ပထမအကြိမ်ထိုးနှံပေးခဲ့ ပြီး ယခုအခါ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် ၂၆ ရက်နေ့မှစ၍ ဩဂုတ် ၃၀ ရက်နေ့အထိ ဆေးထိုးစုရပ် (၅)နေရာ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးပြီး ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)